ပန်းတနော်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲကို (၂၈-၅-၂၀၂၄) နံနက် (၈:၀၀)နာရီအချိန်တွင် ဂုံမင်းကျေးရွာ တောရဘုန်းကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော် တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးနှင့် အဖွဲ့ဝင် များ၊ ညောင်တုန်း၊သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးဦးမင်းအေးချမ်းဇွန်၊ ပန်းတနော် သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ (တောအုပ်) ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦး ခန့်တို့က မန်ဂျန်ရှား (၁၀၀)၊ မဟော်ဂနီ (၁၀၀)၊ ကျွန်း (၁၀၀)၊ ယူကလစ် (၅၀)၊ စိန်ပန်း (၅၀) စုစုပေါင်း (၄၀၀) စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Tuesday, May 28, 2024 - 11:45