ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာ၊ သီရိစန္ဒာရာမကျောင်းတိုက်တွင်ရေချွေတာသုံးစွဲရေးအသိပညာပေးဟောပြောပွဲကျင်းပ

(၂-၅-၂၀၂၆)ရက်နေ့ (၀၉းဝ၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာ၊သီရိစန္ဒာရာမကျောင်းတိုက်တွင်ရေချွေတာသုံးစွဲရေးအသိပညာပွဲဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြို့ကုန်းကျေးရွာမှဒေသခံပြည်သူ(၆၀)ဦး၊ စုစုပေါင်း(၆၃)ဦး တက်ရောက်ခဲ့ပါသည်။ (ကျား-၄၈ ဦး၊ မ-၁၅ ဦး)အဆိုပါ အခမ်းအနားတွင် ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်မင်းသိန်းမှ ကမ္ဘာရေချိုသယံဇာတအရင်းအမြစ်များအကြောင်း၊ရေ၏တန်ဖိုးနှင့် အရေးပါမှု၊ကမ္ဘာ့ရေရှားပါးမှုပြဿနာများ၊ ရေရှားပါးမှုဖြစ်စေသော အကြောင်းအရင်းများ၊မြန်မာနိုင်ငံ၏ရေအရင်းအမြစ် အခြေအနေ၊မြန်မာ့ ရေချိုကန်ကြီးမျာအကြောင်း၊ ရေချွေတာခြင်း၏ အကျိုး ကျေးဇူးများ၊လက်တွေ့ကျင့်သုံးနိုင်သော ရေချွေတာရေး နည်လမ်းများ၊ ရေကို ပြန်လည်အသုံးပြုခြင်း (Water Reuse)၊ရေရှည်တည်တံ့သောရေအသုံးပြုမှုအတွက် လူမှုအသိုက်အဝန်း ၏ အခန်းကဏ္ဍ၊ သစ်တောထိန်းသိမ်းကာကွယ်ခြင်းနှင့် ရေအရင်းအမြစ်ဆက်နွယ်မှု၊ ရေအရင်း အမြစ်များထိန်းသိမ်းရန် သစ်တောဦးစီး ဌာနမှ ဆောင်ရွက်မှုများစသည့် အကြောင်းအရာများဖြင့် ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, May 5, 2026 - 21:00