လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ နွားလဝိုးကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာခန်းမ၌ တရားမဝင်သစ်လျော့နည်းပပျောက်ရေးနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
၄-၅-၂၀၂၆ရက်နေ့ ၊ (၁၀:၃၀)နာရီတွင်နွားလဝိုး ကျေးရွာအုပ်စု၊ နွားလဝိုးကျေးရွာ ခန်းမ၌ တရားမဝင်သစ်လျော့နည်းပပျောက်ရေးနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာလွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လွင်ပါ သစ်တောဝန်ထမ်း (၃)ဦး၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ၊နွားလဝိုးကျေးရွာမှ ဒေသခံပြည်သူ (၂၉ )ဦးတက်ရောက်ခဲ့ပါသည်(ကျား( ၁၆) ဦး ၊ မ ၁၃) ဦး)အဆိုပါ အခမ်းအနားတွင် လွိုင်ကော်မြို့နယ် ဦးစီးအရာရှိ ဦးနိုင်လွင်မှ တရားမဝင်သစ် လျော့နည်းပပျောက်ရေးအတွက် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊သစ်တောဥပဒေများ၊မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးအတွက် မီးခိုးမြူငွေ့ ဖြစ်ပေါ်လာပုံနှင့် ဖြစ်ပေါ်လာရသည့် အကြောင်းအရင်း၊မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုများ၊သစ်တောသစ်ပင်များသည် မီးခိုးမြူငွေ့များအပေါ် သက်ရောက်မှုများစသည့် အကြောင်းအရာများ ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

