ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ"အားကျင်းပပြုလုပ်

(၂၈-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီ၌ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ ဥသာပျိုးဥယျာဥ်ရှင်းလင်းဆောင်တွင် ပဲခူးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး၊ စိုင်တီကျေး ရွာအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ/ ဆ ရာမများအပါအဝင် ကျောင်းသားကျောင်းသူ((၉၀)ဦး၊ ပဲခူးမြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၏သားသမီးများ အခြေခံပညာကျောင်းသားကျောင်းသူ(၁၅)ဦး၊ ပဲခူးမြို့နယ်မှ သစ်တောဝန်ထမ်း(၁၀)ဦး၊ စုစုပေါင်း(၁၁၅)ဦးဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းကျောင်းသားကျောင်းသူများ သစ်တောသစ်ပင်များနှင့်ပတ်သက်၍ အခြေခံဗဟုသုတများရရှိစေရန် "သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ"အားကျင်းပပြုလုပ်ခဲ့ပြီးကျောင်းသားကျောင်းသူများအားဥသာပျိုးဥယျာဥ်အတွင်းပျိုး ထောင်ထားရှိသည့်ပျိုးပင်များ၏ စိုက်ပျိုးနည်းနှင့်ပျိုးထောင်ထားရှိမှု အခြေအနေအားလက်တွေ့သရုပ်ပြ၍ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

date: 
Wednesday, May 29, 2024 - 11:00