၂၀-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈.၈၃၂၈)တန်၊ သစ်မာ (၃၃.၄၀၀၂)တန်၊ အခြား (၃၅.၁၀၀၂)တန်၊ စုစုပေါင်း (၇၇.၃၃၃၂)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၅-၂၀၂၄ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(က)ဘိနယ်၊ ပြည်-တောင်ကုတ် ကားလမ်း၊ မိုင်တိုင်မှတ် (၄၄/၁)၊ လေးအိမ်စုရွာအနီးမှ တရားမဝင် ပျဉ်းကတိုးဗုံတို (၅၀၃)လုံး (၁၃.၀၇၈၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, May 29, 2024 - 11:45