သစ်မဟုတ်သည့်သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေး လုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်း စီမံကိန်း(FD-AFoCO NTFP Project)၏ အလုပ်လျှောက်လွှာခေါ်ယူ

သစ်တောဦးစီးဌာနနှင့် AFoCO တို့ ပူးပေါင်းဆောင်ရွက်သည့် “သစ်မဟုတ်သည့် သစ်တော ထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေး လုပ်ငန်းများ သရုပ်ပြတည်ထောင် ခြင်းစီမံကိန်း”၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စီမံကိန်းသဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းအတွက် အရည်အချင်းပြည့်မီသည့် စီမံကိန်းအတွင်းရေးမှူး (စီမံကိန်းလုပ်ငန်း များနှင့် ငွေကြေးဆိုင်ရာ ကူညီဆောင်ရွက်ရန်) (၁) ဦး လစ်လပ်လျက်ရှိပါသဖြင့် လျှောက်လွှာများ ဖိတ်ခေါ်လျက်ရှိပြီး အောက်ဖော်ပြပါသတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများ အားလုံးလျှောက်ထားနိုင်ပါသည်-

date: 
Thursday, May 7, 2026 - 20:45