သစ်တောဦးစီးဌာန၊ သာစည်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ

(၂၉-၅-၂၀၂၄)ရက် နံနက်(၀၈:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ သာစည်မြို့ နယ်မှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ရွှေတောင်ဘိလပ်မြေစက်ရုံမှ ဝန်ထမ်းများနှင့် ပြည်ညောင် ကျေးရွာ(အ.ထ.က)မှ ကျောင်းသား/ကျောင်းသူများပါဝင်သည့် အင်အား(၄၀၀)ဦးဖြင့် သာစည်မြို့နယ်၊ ကူပြင်ကြိုးဝိုင်း အကွက်အမှတ်(၁၄)၊ ရွှေတောင်ဘိလပ်မြေစက်ရုံအနီးတွင် ၂၀၂၄ခုနှစ်၊ မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးပွဲအား ကျွန်း(၂၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ ခရေ(၁၀၀)ပင်၊ မယ်ဇယ်(၁၀၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ တပေဘူတ(၁၀၀)ပင်၊ တမာ(၁၀၀) ပင်၊ ရေတမာ(၁၀၀)ပင်် စုစုပေါင်း(၁၀၀၀)ပင်အား ကျင်းပစိုက်ပျိုးပြီးစီးပါကြောင်း သိရှိရပါ သည်။

date: 
Wednesday, May 29, 2024 - 16:45