(၁၄) ကြိမ်မြောက် ကိုရီးယား-မဲခေါင် သစ်တောကဏ္ဍပူးပေါင်းမှု KMFoCo အစည်းအဝေးကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ AFoCO RETC စီမံကိန်းသင်တန်းကျောင်းတွင် (၁၄) ကြိမ်မြောက် ကိုရီးယား-မဲခေါင် သစ်တောကဏ္ဍပူးပေါင်းမှု KMFoCo အစည်းအဝေးကို ၂၀၂၄ (၂၉-၅-၂၀၂၄)ရက်နေ့တွင်ကျင်းပခဲ့ပြီး အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ကိုရီးယား-မဲခေါင် သစ်တော ကဏ္ဍ ပူးပေါင်းရေး စင်တာ(KMFCC)၊ ကိုရီးယားသစ်တောဌာန (KFS)၊ အာရှဒေသ သစ်တော ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(AFoCO)မှ တာဝန်ရှိသူများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ပါသည်။
ကိုရီးယား-မဲခေါင် သစ်တောကဏ္ဍပူးပေါင်းမှု KMFoCo အစည်းအဝေးကို ကိုရီးယား နိုင်ငံနှင့် မဲခေါင်ဒေသအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများအကြား သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော် ဆောင်ရွက် တိုးတက်မှုများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး၊ ညှိနှိုင်းရန် ရည်ရွယ်၍ (၁၄) ကြိမ်မြောက် အစည်းအဝေးအား မြန်မာနိုင်ငံမှ (၂၉-၅-၂၀၂၄) ရက်နေ့မှ (၃၀-၅-၂၀၂၄) ရက်နေ့အထိ အိမ်ရှင်အဖြစ် အလှည့်ကျလက်ခံ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

date: 
Wednesday, May 29, 2024 - 18:15