“ပျားမွေးမြူခြင်းနှင့် ပျားရည်ထုတ်လုပ်ခြင်းသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ် တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၅ ခုနှစ်၊ မတ်လအထိ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုကို အထောက်အကူ ပြုစေရေးနှင့် ဒေသခံပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးနှင့်အတူ ဂေဟစနစ်တည်ငြိမ် စေရေးနှင့် ဝင်ငွေအခွင့်အလမ်းများ တိုးပွားစေရေးအတွက် စီမံကိန်းဒေသဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်နှင့် ပေါက်ခေါင်းမြို့နယ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော လုပ်ငန်း ဆောင်ရွက်နေသူ သင်တန်းသား (၂၀)ဦးအား “ပျားမွေးမြူခြင်းနှင့် ပျားရည် ထုတ်လုပ်ခြင်းသင်တန်း”ကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန (CFDTC) တွင် ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၉-၅-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုသစ်တောလေ့ကျင့်ရေးနှင့် ဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ ကျောင်းအုပ်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိများ၊ စီမံကိန်းဝန်ထမ်းများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်း (၃၈)ဦး တက်ရောက်လျက် ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

date: 
Wednesday, May 29, 2024 - 18:15