မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊မြို့နယ်သစ်တော ဦးစီးဌာနမှူးရုံးမှ"သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး" ဆိုင်ရာ အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၆-၅-၂၀၂၆)ရက်နေ့ (၁၆:၀၀)နာရီအချိန် အောင်လံမြို့နယ်၊ ပြလို့မြို့တွင် "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အောင်လံမြို့နယ်၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး-ဦးကျော်စိုးနိုင်မှ သစ်တောထိန်းသိမ်းရေးနှင့်မီးခို့မြူ ငွေ့လျော့ချရေးဆိုင်ရာသိကောင်းစရာများနှင့်သစ် တောဥပဒေဆိုင်ရာ သိကောင်းစရာ"များကိုလည်း ကောင်း ပြလို့မြို့ မြို့အုပ်ချုပ်ရေးမှူးဦးစည်သူအောင်မှ "တောမီးကာကွယ်ရေးစီမံချက်များကိုလည်းေကာင်း၊ ပြလို့မြို့နယ်မြေမီးသတ်စခန်းမှ လ/ထဦးစီး ဦးကျော်ဇင်လတ်မှFire hotspotများလျော့နည်းစေရေးသိကောင်းစရာများကိုလည်းကောင်းဟောပြော ဆွေးနွေးပြီးလက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ရာ (၁၇:၂၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ အောင်လံမြို့နယ်၊မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၃)ဦး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ(၆) ဦး၊ မီးသတ်ဦးစီးဌာနမှ(၁)ဦးနှင့်ဒေသခံ (၅၀) ဦး၊ စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိသည်။



