မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းတွင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် (၂၉-၅-၂၀၂၄)ရက်‌ နေ့တွင်မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပရာအဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဌ ဦး‌အောင်မြတ်ခိုင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာကြီးနှင့်ဝန်ထမ်းများ၊ ခရိုင်မှလက်ထောက်ညွှန်ကြားရေးမှူးနှင့်မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များတက်ရောက်ကြခဲ့ကြပါသည်။
သစ်ပင်စိုက်ပျိုးရာတွင် ခရိုင်သစ်တောဦးစီးဌာနမှလက်ထောက် ညွှန်ကြားရေးမှူးဦးစိုးမိုးမှ စိုက်ပျိုးမည့်အပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တက်ရောက် လာသူများထံပေးအပ်ပြီး တက်ရောက်လာသူအားလုံး စုပေါင်းကာ မယ်ဇယ်ပင်(၁၀၀)၊ တမာ(၁၀၀)၊ ဗန်ဒါ(၁၀၀)၊ စုစုပေါင်း ပျိုးပင်(၃၀၀)အား စနစ်တကျစိုက်ပျိုးခဲ့ပါ‌ကြောင်း သိရှိရပါသည်။

date: 
Thursday, May 30, 2024 - 10:15