တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မြိတ်ခရိုင်၊ မြိတ်မြို့နယ် မြိတ်တက္ကသိုလ် တွင် (၃၀.၅.၂၀၂၄) ရက်နေ့၊ (၀၇:၃၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ကမ်းရိုးတန်းဒေသတိုင်း‌စစ်ဌာနချုပ်တိုင်းမှူး၊ မြိတ်တက္ကသိုလ်ပါချုပ်နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြိတ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်မှ ကျောင်းသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း(၉၀၀)ဦးတက်ရောက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုမှ ခရေပင်အား စိုက်ပျိုးခဲ့ပါသည်။ မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းကတိုး (၂၀၃) ပင်၊ မဟော်ဂနီ (၂၀၄) ပင်၊ ပိတောက် (၃) ပင်၊ ကံ့ကော်(၅၄) ပင်၊ ခရေ (၁၅၄) ပင်၊ သင်္ကန်း(၂၀၂)ပင်၊ မန်ဂျန်ရှား(၃၉၀)ပင်၊ စုစုပေါင်း (၁၂၁၀)ပင်အား အောင်မြင်စွာ စိုက်ပျိုး ဆောင်ရွက်ခဲ့ပါသည်။

date: 
Thursday, May 30, 2024 - 11:15