မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်၊သစ်တောဉီးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၆.၅.၂၀၂၆) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ပိန္နဲကုန်းကျေးရွာ၊သာသနာ့ဟိတဘုန်းကြီးကျောင်းဓမ္မာရုံ၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြော ပွဲသို့ ပိန္နဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား(၄၈)ဦး မ(၇) ဦးနှင့် ကျိုက်မရောမြို့နယ် ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း(၈)ဦး၊ စုစုပေါင်း ကျား(၅၆)ဦး၊ မ( ၇)ဦး၊စုစုပေါင်း(၆၃)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးထွဋ်ခေါင်ကျော် မှ Fire Hotspot ဖြစ်ပွားမှုလျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ကာ တက်‌ရောက်လာသည့်‌ ရွာသူ/သားများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, May 7, 2026 - 21:15