မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၃၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၈) နာရီတွင် မြစိမ်းရောင်သာသနာ့နယ်မြေ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင် များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေး ရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံပြည်သူများမှ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။
၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့အား ပျိုးပင်များ ပေးအပ် ခဲ့ပြီး မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ဌေးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်း၍ လူ ဦးရေ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား (၆၀၀)ပင် ၊ မဟော်ဂနီ (၁၄၀ )ပင်၊ ကျွန်း (၁၀၀)ပင်၊ မျောက်ငို(၂၀၀)ပင်စုစုပေါင်း ပျိုးပင်ပေါင်း (၁၀၄၀) ပင်ကို တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။

date: 
Thursday, May 30, 2024 - 11:45