“ သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

“သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” အစည်းအဝေးကို (၃၁-၅-၂၀၂၄) ရက်နေ့၊ နေလည်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အဖွင့်အမှာစကား ပြေားကြားပါသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သဘာဝတောနှင့် စိုက်ခင်း လုပ်ငန်းဌာန)က သစ်တောထွက်ပစ္စည်း ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုအခြေအေန၊ လာမည့်(၃)လအတွင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် တွေ့ကြုံရမည့်အခက်အခဲများ တင်ပြမှုအခြေအနေအား ရှင်းလင်းတင်ပြပါသည်။ တင်ပြ ချက်များအပေါ် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဌမှ ဖြည့်စွက်ဆွေးနွေးလမ်းညွှန်မှုပြုခဲ့ပါသည်။
အစည်းအဝေးသို့ သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ၊ သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင်စီမံကိန်း)၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖိတ်ကြားထား သည့် သစ်တောထွက်ပစ္စည်းနှင့် ဆက်စပ်သည့် အသင်းအဖွဲ့တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများရှိ တာဝန်ရှိသူများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

date: 
Friday, April 19, 2024 - 11:00