မင်းလှမြို့နယ် ရွှေဝါမြိုင်ပျိုးဥယျာဉ်တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအားကျင်းပ

(၃၁-၅-၂၀၂၄)ရက်နေ့ မင်းလှမြို့နယ် ရွှေဝါမြိုင်ပျိုးဥယျာဉ်တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာအသိပညာပေးခြင်း၊ သစ်တော များနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးခေါင်းစဥ်များဖြင့် ဟောပြော ပို့ချခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပြီး မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသား/သူ(၁)ဦးလျှင် ဗလာစာအုပ်(၂)အုပ်နှင့်ခဲတံ(၂)ချောင်း အချိုရည်(၁)ဗူးဆီ ပေးဝေခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Friday, May 31, 2024 - 16:30