ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းတွင် စာသင်ဆောင်၊ သင်တန်းသားအိပ်ဆောင်နှင့် ခန်းမ တည်ဆောက်မည့်မြေနေရာများအား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက် (၆)ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ ဝန်ထမ်းအိမ်ယာအတွင်း (၂)ထပ် သင်တန်းသားစာသင်ဆောင်၊ (၂)ထပ်သင်တန်းသားအိပ်ဆောင်နှင့် ခန်းမ တည်ဆောက်မည့် မြေနေရာများအား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါပြီး လိုအပ်သည်များကို မှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။


date:
Friday, May 8, 2026 - 20:30
