ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ တော်ကျင်းပ

(၃၁.၅.၂၀၂၄) ရက်နေ့ နံနက်(၈:၀၀)အချိန်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ သဖန်းချို ကျေးရွာ စာသင်ကျောင်းနံဘေး၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ပါ သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဝန်ထမ်း(၁၅)ဦး၊ ဌာနဆိုင်ရာ(၁၆၀)ဦး ဆရာ/ဆရာမ(၃၅)ဦး၊ ရပ်မိရပ်ဖ (၇၈)ဦး၊ စုစုပေါင်း(၂၈၈)ဦး တက်ရောက်၍ ၂ပေအထက် ကျွန်းပင်(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ သပြေကြီး(၅၀)ပင်၊ မယ်ဇယ်(၅၀)ပင်၊ မဟော်ဂနီ (၅၀)ပင်၊ က္ကိုလ်(၅၀)ပင်၊ ယမနေ(၅၀)ပင်၊ ကံ့‌ကော်(၅၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း အစီရင်ခံ သိရှိရပါသည်။

date: 
Friday, May 31, 2024 - 16:30