သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအားကျင်းပ

သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိတ္ထီလာ-လွိုင်လင်-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်း၊ မိုင်တိုင်အမှတ်(၁၂၉/၆)အနီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ(ဟိုပုံး)တပ်ပိုင်မြေအတွင်း ခန့်မှန်း မ.ပ.ည 47Q LD 130 017/20°48'32.68"N,97°11'58.72"E နေရာတွင်(၃၁.၅.၂၀၂၄)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်၌ ၂၀၂၄ -ခုနှစ် ၊မိုးရာသီအကြိုလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ -ဦးခွန်ရဲထွေး မှ အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများကိုယ်စား -မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပအိုဝ်းတိုင်းရင်းသားများကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး-ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ရင်း/တပ်ဖွဲ့များကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူးအား လည်းကောင်း ပျိုးပင်များပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး)မှ ကျောင်းအုပ်ကြီး(တပ်နယ်မှူး )ဗိုလ်မှူးချုပ်-သိန်းနိုင်နှင့် ဟိုပုံးတပ်နယ်မှ တာဝန်ရှိသူများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ဌာနဆိုင်ရာများ၊ ဟိုပုံးမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများ၊ လူမှုရေအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ပြီး အခမ်းအနားအား (၀၉:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ၂၀၂၄ ခုနှစ် (မိုးရာသီအကြို) လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် စုစုပေါင်း တက်ရောက်အင်အား (၄၅၀)ဦးဖြင့် ခါတော်မီ (၁၁၀)ပင်၊ ချယ်ရီ (၁၁၀)ပင်၊ စိန်ပန်းနီ (၁၁၀)ပင်၊ စိန်ပန်းပြာ(၁၁၀)ပင်၊ ထင်းရှုူး (၁၀၀)ပင် စုစုပေါင်း (၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 1, 2024 - 22:00