မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအားကျင်းပ

(၁-၆-၂၀၂၄)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအား ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းသူ/ ကျောင်းသားများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား(၇၀၀)ဦးဖြင့် ပိတောက်၊ ပျဉ်းမ၊ ယင်းမာ၊ မယ်ဇယ်၊ မယ်ဇလီ၊ စိန်ပန်း၊ ခရေစသည့် သစ်မျိုး(၇)မျိုး စုစုပေါင်း(၆၉၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, June 1, 2024 - 22:15