ကျောက်တံခါးမြို့နယ်၌ မိုးရာသီ(အကြို)သစ်ပင်စိုက်ပွဲတော်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာန မှ မိုးရာသီ(အကြို)သစ်ပင်စိုက်ပွဲ တော်အခမ်းအနားအား (၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၈၀/၃)နှင့်(၈၀/၄)ကြား အနန္တဇိနစေတီတော်ဝင်းတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညွန့်ဆွေက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့သို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှုး နေလင်းဦးက ဂွေးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိုက်ဝင်းသို့လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဆွေမှ ဂျို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်ဦး သို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က ဖဒိုနယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်မောင်မောင်သို့လည်းကောင်း ပျိုးပင်များအား အသီးသီးပေးအပ်ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဌဦးညွန့်ဆွေနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဂွေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၂၄)ဦးတို့က (၂) ပေအထက်ရှိသော ပျိုးပင်ကျွန်း (၁၀၀) ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀)ပင် စုစုပေါင်း (၃၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရှိရပါ သည်။

date: 
Saturday, June 1, 2024 - 22:30