မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်၊သစ်တောဦးစီးဌာနမကံမှမြို့နယ်၊ သစ်မယ်ဇီကျေးရွာ၊ဘုန်းတော်ကြီးကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှကြီးမှူး၍ (၈-၅-၂၀၂၆)ရက်နေ့ (၁၂:၀၀)နာရီအချိန် ကံမမြို့နယ်၊ သစ်မယ်ဇီကျေးရွာ၊ဘုန်းတော်ကြီးကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကံမမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ -ဦးကြည်ဌေးနှင့်တောအုပ်ကြီး-ဦးကျော်ထက်နိုင်တို့မှ သစ်တောထိန်းသိမ်းရေးနှင့်မီးခိုးမြူ ငွေ့လျော့ချရေးဆိုင်ရာများကိုလည်းကောင်း "တောမီးကာကွယ်ရေး စီမံချက်များ၊ Fire hotspotများလျော့နည်းစေရေးသိကောင်းစရာများကိုလည်းကောင်း၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး၊သစ်တောဥဒေများအားဟောပြော ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များမေးမြန်းမှုကိုတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ရာ (၁၄:၂၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ကံမမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဦးစီးအရာရှိပါဝန်ထမ်း(၅)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူကျား (၁၈) ဦး၊မ( ၃၁ )ဦး စုစုပေါင်း (၅၄) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။



