စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြာပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၉-၅-၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် မော်လိုက်မြို့ အ.ထ.က ကျောင်း၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟောပြာပ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်တန်းကျာင်းသူ/ကျောင်းသား (၆၃)ဦး နှင့် ဆရာ/ဆရာမ (၁၀)ဦး စုစုပေါင်း (၇၃)ဦး တက်ရောက်ခဲ့ပြီး ဟောပြာပွဲတွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း-၁ မှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာ ပေးဟောပြာခြင်းနှင့် သစ်တောများမှ ပေးစွမ်းနိုင်‌သော အကျိုး‌ေကျးဇူးများအ‌ကြောင်း အသိပညာ‌ပေး ဟော‌ပြောခြင်း၊ မော်လိုက်မြို့နယ်သစ်တောဦးစီးဌာနရှိ တောအုပ်ကြီး ဦးဇယျာမှ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချ‌ရးဆိုင်ရာ အသိပညာပေးဟော ပြောခြင်းနှင့် မော်လိုက်မြို့နယ်သစ်တောဦးစီးဌာနရှိ တောအုပ်ကြီး ဦးသိန်းလင်းမှ သစ်တော များနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟော ပြောခြင်း စသည့် ခေါင်းစဉ်အလိုက် အသီးသီးဟောပြောခဲ့ပါသည်။ ထို့နောက် ၂၀၂၃ခုနှစ် မိုးရာသီတွင် သစ်ပင် စိုက်ပျိုးပွဲတော်စိုက်ပျိုးခဲ့သည့်သစ်မျိုးစုံ စိုက်ခင်းတွင် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း လက်‌တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Saturday, June 1, 2024 - 22:30