ပန်းတောင်းမြို့နယ်၊ သစ်တေားစီးဌာနမှ၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပန်းတောင်းမြို့နယ်၊ သစ်တေားစီးဌာနမှ အပူချိန်မြင့်မားမှုအား လျော့ကျစေရေး၊ ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေရေး၊ ဂေဟစနစ်ပြန်လည်တည်ငြိမ်စေရေး၊ သဘာ၀ ပတ်၀န်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်တောသစ်ပင်များ၏ အဖိုးတန်အရေးပါမှုကို သိရှိနား လည်လာပြီး မိုးရွာသွန်းသည်နှင့် တပြိုင်နက် သစ်တောသစ်ပင်များ စိုက်ပျိုးလာနိုင်ရေး နှိုးဆော်သည့်အနေဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား (၂.၆.၂၀၂၃) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် နတ်မောက် ကျေးရွာအုပ်စု၊ ရေဝင်ရွာလေး ကျေးရွာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း (၁၂၂)ဦးဖြင့် ပျိုးပင်အမြင့် (၂)ပေအထက် ပျိုးပင်များဖြစ်သော ကျွန်း(၁၀၀)ပင်၊ မန်ဂျန်ရှား (၃၀၀)ပင်၊ မဟော်ဂနီ(၄၀)ပင်၊ ပျဥ်းကတိုး(၄၀)ပင်၊ မယ်ဇယ်(၂၀)ပင်၊ စုစုပေါင်း သစ်မျိုး(၅) မျိုး (၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Sunday, June 2, 2024 - 19:00