မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ၊ ကြီးကြပ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးကြပ်၍ (၁.၆.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရွှေပေါ်ကျွန်းကျေးရွာ အ.ထ.က ကျောင်းဝန်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ရာ အခမ်း အနားသို့ စေတော်ဝင် ရွှေပေါ်ကျွန်းကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တတေဇဝန္တ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေး ဌာနမှ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၄၅၀) ဦးတို့မှ ကျွန်း(၅၅)ပင်၊ တမာ (၁၃၀)ပင်၊ စိန်ပန်း (၁၀၅)ပင်၊ မယ်ဇလီ (၁၀၀)ပင်၊ ယူကလစ် (၁၀၀)ပင်၊ရေတမာ(၅၅)ပင်၊ခရေ(၅)ပင်၊ကံ့ကော်(၅)ပင်၊ငုဝါ(၅)ပင် စုစုပေါင်း (၅၆၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Monday, June 3, 2024 - 13:15