ပုံစံ(၈)ဝင် ကျွန်းပြတင်း/ တံခါးချပ်/ တံခါးရွက်ဆိုဒ်စုံ၊ ကျည်းဘောင်များနှင့် ပိတောက်ပွတ်လုံး၊ ပျဉ်းကတိုး/သစ်မာတံခါးကျည်းခွေများအား လေလံတင်ရောင်းချမည့်ကြော်ငြာ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနများရှိ ပုံစံ(၈)ဝင် ကျွန်းပြတင်း/ တံခါးချပ်/ တံခါးရွက်ဆိုဒ်စုံ၊ ကျည်းဘောင်များနှင့် ပိတောက်ပွတ်လုံး၊ ပျဉ်းကတိုး/သစ်မာတံခါးကျည်းခွေ(၁၄၃၁၆)ချောင်း/ချပ်(၁၄.၀၂၂၆)တန်များအား သစ်တောဦးစီး ဌာနမှ တရားဝင်မှတ်ပုံတင်လိုင်စင် ရရှိထားသည့် သစ်အခြေခံ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းရှင်များ၊ သစ်စက်အသေး/အကြီး၊ အချောထည်စက်/ လျှာထိုးစက် လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင်လုပ်ငန်းရှင် များ၊ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပရိဘောဂလုပ်ငန်းရှင်များကို ဈေးပြိုင်စနစ် ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပါသည်။
လျှောက်လွှင်တင်ရမည့်နောက်ဆုံးရက် - ၃-၆-၂၀၂၄ ရက်နေ့
လေလံတင်ရောင်းချမည့်ရက်/အချိန် - ၅-၆-၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ
လေလံတင်ရောင်းချမည့်နေရာ - လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ မန္တလေးခရိုင်
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ်(09-2559550096၊ 09-402519923၊ 09-409701752)များသို့ ဆက်သွယ်နိုင်ပါသည်။

လေလံတင်ရောင်းချရေးအဖွဲ့
သစ်တောဦးစီးဌာန

date: 
Monday, June 3, 2024 - 11:00