ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဥတ္တရခရိုင်၊ဥတ္တရသီရိမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊‌ရေသယံဇာတထိန်သိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဥတ္တရသီရိမြို့နယ်၊သစ်တောဦးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊‌ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၁၀-၅-၂၀၂၆)ရက်နေ့၊ နံနက်(၈:၀၀)နာရီ၌ ‌ညောင်လူးကျေးရွာအုပ်စု၊ ညောင်လူးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပဆောင်ရွက်ခဲ့ရာ ညောင်လူးကျေးရွာသူ/သားများကျား(၅၅)ဦး၊မ(၇၀)ဦးနှင့်သစ်တောဝန်ထမ်း(၄)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ (၅)ဦး စုစုပေါင်း(၁၃၄)ဦးတက်ရောက်ခဲ့ကြပါ‌ကြောင်းနှင့် အသိပညာပေးဟောပြောပွဲ၌ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သိန်းထွဋ် မှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဉ်ဖြင့်အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Sunday, May 10, 2026 - 20:00