ချင်းပြည်နယ် ၂၀၂၄ ခုနှစ် မိုးရာသီအကြို ပထမအကြိမ် သစ်ပင်စိုက်ပျိုးကျင်းပ

ချင်းပြည်နယ် ၂၀၂၄ခုနှစ် မိုးရာသီအကြို ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို (၁-၆-၂၀၂၄) ရက်နေ့ နံနက်တွင် ဟားခါးမြို့ မြို့တော်ပန်းခြံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ချင်းပြည်နယ် အစိုးရ သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီး ရေးရာတို့မှ အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၂၅၀)ဦး တက်ရောက်ခဲ့ပြီး ချယ်ရီ၊ တောင်ဇလပ်၊ စိန်ပန်းပြာ ပျိုးပင်စုစုပေါင်း (၆၅၀)ပင်အား စိုက်ပျိုးခဲ့ပါသည်။

date: 
Tuesday, June 4, 2024 - 13:45