ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

(၁၁-၅-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ စမ်းကျေးရွာအုပ်စု၊ စမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ “သစ်တောသစ်ပင် နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြော ပွဲ”ကျင်းပခဲ့ရာ စမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ(၆၂)ဦး၊ သစ်တော ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၆၅)ဦး၊ ကျား၃၈ ဦး၊ မ-၂၇ ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်က သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏အရေးပါမှုအကြောင်းအရင်းများနှင့် ပျက်စီးပြုန်းတီးရခြင်းအကြောင်းအရင်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှုအခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု ၏ဆိုးကျိုးများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများအားလည်းကောင်း၊ တောအုပ် ဦးကျော်ကျော်နိုင် သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်း များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးအားလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိသည်။

date: 
Wednesday, May 13, 2026 - 17:00