ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား(၄-၆-၂၀၂၄) ရက်နေ့(၀၈:၀၀)နာရီအချိန် ကလေးဝမြို့အမှတ်(၁)ရပ်ကွက်၊ လူထုအားကစားကွင်း(FA331668)တွင် မြို့နယ်စီမံ အုပ်ချုပ် ရေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်းအမူထမ်းများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ၊ စုစုပေါင်း(၂၀၀)ဦးတို့မှ ကျွန်း(၃၀)ပင်၊ စိန်ပန်းကြီး(၃၀)ပင်၊ ပိတောက်(၃၀)ပင်၊ မန်ဂျန်ရှား(၃၀)ပင်နှင့်မယ်ဇလီ(၃၀)ပင် စုစုပေါင်း(၁၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, June 4, 2024 - 14:15