စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် သစ်တောဦးစီးဌာနမှ (၄-၆-၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ခန္တီး-ဟုမ္မလင်း ကားလမ်းဘေး မိုင်တိုင်အမှတ် ၂ မိုင် ဖာလုံ အနီးတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ခန္တီးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်မှ ဦးဆောင် တက်ရောက် ပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေအသင်း နှင့် ပြည်သူလူထု စုစုပေါင်း၁၆၀ဦးတက်ရောက်ကြပြီး တမာ(၁၀၀)ပင်၊ ကျွန်း(၅၀)ပင်၊ မန်ဂျန် ရှား(၁၀၀)ပင်၊ ရေတမာ(၅၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ စိန်ပန်း(၅၀)ပင်၊ မယ်ဇလီ(၅၀)ပင် စုစုပေါင်း(၅၀၀)ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

date: 
Tuesday, June 4, 2024 - 14:15