တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းးသိမ်းရေးနေ့အထိမ်းအမှတ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းးသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၊ မြို့နယ်အဆင့်ကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တာရပိုင်းကျေးရွာအုပ်စု၊ စလွန်အော်ငယ်ကျေးရွာ၊ အ.မ.က ကျောင်းဝန်းအတွင်း (၅.၆.၂၀၂၄)ရက်နေ့၊ (၀၇:၄၅)နာရီအချိန်တွင် ကျင်းပဆောင်ရွက် ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ကျွန်းစုမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ၊ တာရပိုင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများနှင့်ဒေသခံပြည်သူများ၊ စုစုပေါင်း (၁၅၁)ဦး တက်ရောက်ပြီး ပျဉ်းကတိုး(၂၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ မန်ဂျန်ရှား(၈၀)ပင်၊ သင်္ကန်း(၅၀)ပင်၊ ခရေ(၂၀)ပင်၊ စုစုပေါင်း(၄၅၀)ပင်အား အောင်မြင်စွာစိုက်ပျိုး ဆောင်ရွက်ခဲ့ ပါကြောင်းသိရှိရပါသည်။

date: 
Wednesday, June 5, 2024 - 15:15