တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ရေချွေတာရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် မှသစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် ရေချွေတာရေး၊ မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာမြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၂-၅-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမက် ကျေးရွာအုပ်စု၊ အောက်လိပ်ကျေးရွာ၊ ဘုန်းတော် ကြီးကျောင်းခန်းမ တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမက်ကျေးရွာအုပ်စု၊ ရပ်မိရပ်ဖ ဦးဟန်သန်း နှင့်၊ ဒေသခံများ၊ အမျိုးသား(၂၉) ဦး/အမျိုးသမီး(၄၆)ဦး၊ စုစုပေါင်း(၇၅)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၄)ဦး၊စုစုပေါင်း(၇၉)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊ ထောင်ကမက် ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘုတ်ပြင်း မြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေးနှင့် ေရချွေတာ ရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာ သူများ သို့သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝ ဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clipပြသခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။




