မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၄ခုနှစ်၊ မိုးရာသီ မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၄ခုနှစ်၊ မိုးရာသီ မြို့နယ် အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ပုလောမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.မ.က(၅) ကျောင်းဝန်းအတွင်း (၅.၆.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပွဲတော်သို့ ပုလောမြို့နယ်၊ အမှတ်(၁)စစ်အုပ် ချုပ်ရေးနယ်မြေ၊ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ မြိ့ု့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ ဥက္ကဌ ဦးခင်မောင်စိုး တို့တက်ရောက်၍ ပျဉ်းကတိုးပင်အား စိုက်ပျိုးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပုလောမြို့ပေါ်ရပ်ကွက်(၅)ခုမှ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ အမျိုးသမီးရေးရာအသင်း၊ မိခင််နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူစုစုပေါင်း(၁၃၅)ဦးတက်ရောက်ပြီး ပျဉ်းကတိုး (၁၅၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်နှင့် မဟော်ဂနီ(၅၀)ပင်၊ စုစုပေါင်း(၃၀၀)ပင်အား အောင် မြင်စွာစိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

date: 
Wednesday, June 5, 2024 - 15:15