မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော်ကို မြို့နယ်အဆင့် တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကြေးရွာတွင် (၅.၆.၂၀၂၄) ရက်နေ့၊ (၀၇း ၂၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲ တော်သို့ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာန၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ တက်ရောက်ပြီး မဟော်ဂနီပင်အား စိုက်ပျိုးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ပြီး ပျဉ်းကတိုး(၁၀၀)၊ စိန်ပန်း(၆၀)၊ မဟော်ဂနီ(၈၀)၊ မန်ဂျန်ရှား(၆၀)၊ ခရေ(၇၀)၊ ကံ့ကော်(၅၀)၊ စုစုပေါင်း(၄၂၀)ပင် အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Wednesday, June 5, 2024 - 15:30