ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်(ခရိုင်အဆင့်)ကို မိုးညှင်းမြို့၊ မိုးညှင်းတက္ကသိုလ်‌ကျောင်းဝန်းအတွင်း (၅.၆.၂၀၂၄) ရက်နေ့၊ နံနက် (၀၇:၃၀) အချိန်တွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပွဲ တော်သို့ မိုးညှင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးညီညီလွင်နှင့် ဒေါက်တာမဉ္ဇူမင်း၊ ပါမောက္ခချုပ်၊မိုးညှင်းတက္ကသိုလ်တို့မှ ဦးဆောင်တက်ရောက်၍ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မိုးညှင်းတက္ကသိုလ်မှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၇၀)ဦး တက်ရောက်ပြီး ကျွန်း(၂၀၀)၊ ပျဉ်းကတိုး (၄၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ ခရေ(၂၀၀)ပင်၊ ကံ့ကော်(၂၀၀)ပင်၊ ပျဥ်းမ(၁၀၀)၊ ငါးပေါက်(၁၅၀)ပင်နှင့် စကားဝါ(၁၅၀)ပင်၊ စုစုပေါင်း(၁၅၀၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ပါ‌ကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 11:45