၄-၅-၂၀၂၆ ရက်နေ့မှ ၁၀-၅-၂၀၂၆ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၇.၉၇၅၀)တန်၊ သစ်မာ (၁.၀၂၇၈)တန်၊ အခြား (၄၉.၃၃၈၂)တန်၊ စုစုပေါင်း (၁၁၈.၃၄၁၀)တန်၊ ယာဉ်/ယန္တရား (5)စီး၊ တရားခံ (9)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၅-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာဘိနယ်၊ တောင်နန်ချွန် ကျေးရွာရှိ ဦးရဲမင်းထွန်း၏ သစ်စက်ဝင်းအတွင်းမှ တရားမဝင် ကျွန်း သစ်လုံး/ ခွဲသား/ ယောင်ခြမ်း/ သစ်ပါးလွှာ စုစုပေါင်း(၁၀၈,၀၅၉)လုံး/ချောင်း/ခြမ်း (၃၂.၈၈၆၀)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။
date:
Wednesday, May 13, 2026 - 21:00
