ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၅-၆-၂၀၂၄)ရက်နေ့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲအား မိုးကောင်းမြို့၊ ကျွန်းပင်သာကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ အောင်မင်္ဂလာဘုရားဝင်းအတွင်း (၅-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပွဲအား မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီတပ်ဖွဲ့၊ အရံမီးသတ် တပ်ဖွဲ့၊ စစ်မှုထမ်းဟောင်းအဖွဲ့တို့မှ အသင်းဝင်/အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများကျောင်းသား/ ကျောင်းသူများ၊ အောင်မင်္ဂလာဘုရားဂေါပက ဦးမောင်ဆန်နဲ့အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်းတက်ရောက်သူ (၂၃၀)ဦးဖြင့် (ကျွန်း၊ ပျဉ်းကတိုး၊ တောင်တမာ၊ ခရေ ဂန့်ဂေါ်၊ ယေမနေ) ပျိုးပင်ပေါင်း (၁၂၀၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 11:45