ဓနုဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင် စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို (၅-၆-၂၀၂၄) နံနက် (၈း၀၀)နာရီ က ရေလဲကျေးရွာအုပ်စု၊ တင်းကုတ်စုကျေးရွာ အတွင်း စုပေါင်း စိုက်ပျိုးခဲ့ပါသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား ဒုမြို့နယ်မှူး ဦးချစ်ဝေအောင်၊ အဖွဲ့ဝင်( ၁ )ဗိုလ်မှူး ဟိန်းထက်ဇော်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းအေးချမ်းဇွန်၊ သစ်တောဦးစီးဌာနမှ မြို့နယ် တာဝန်ခံ တောအုပ် ဦးအောင်မျိုးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့်တို့က မန်ဂျန်ရှား(၂၀၀)ပင်၊ ကျွန်း(၇၅)ပင်၊ ယူကလစ် (၇၅)ပင်၊ မဟော်ဂနီ(၁၅၀)ပင် စုစုပေါင်း (၅၀၀)ပင် စိုက်ပျိုးခဲ့ကြပါသည်။

date: 
Thursday, June 6, 2024 - 12:45