ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ သစ်တောဦးစီးဌာန ၂၀၂၄ခုနှစ် မိုးရာသီခရိုင်အဆင့်သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ သစ်တောဦးစီးဌာန ၂၀၂၄ခုနှစ် မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကိုဘုတ်ပြင်းမြို့ ရာဇမုနိစေတီတောင်ခြေရင်း ဧရိယာအတွင်း (၅.၆.၂၀၂၄)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၀၇:၃၀)အချိန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်ဝင်းဌေး တက်ရောက်၍ ပျဉ်းကတိုးပင်အားစိုက်ပျိုးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဝင်း ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသမီးရေးရာအသင်း ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အ.ထ.က ဘုတ်ပြင်းမြို့ ကျောင်းအုပ်ကြီး ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ကြက်‌ခြေနီအသင်း စုစုပေါင်း(၄၅၀)ဦးတက်ရောက်ပြီး မဟော်ဂနီ(၅၀)ပင် သင်္ကန်း(၄၀)ပင်၊ ပျဉ်းကတိုး (၂၅၀)ပင်၊ မန်ဂျန်ရှား(၂၀၀)ပင်၊ စုစုပေါင်း (၅၄၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 12:00