မင်းလှမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး​မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား (၁၄.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀း၃၀)အချိန် မင်းလှမြို့နယ်၊ သစ်တူးအိုင်ကျေးရွာ တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှကျား (၂၉) ဦး၊ မ(၂၄) ဦးသစ်​တောဦးစီးဌာနမှ ၀န်ထမ်း(၄)ဦး၊ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ​တောအုပ်ကြီး ဦး‌စိုးသန်းမြင့်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်​တောအုပ်ဦးနေလင်းအောင်မှတရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, May 15, 2026 - 14:15