မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ (မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် (၅-၆-၂၀၂၄) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောအားဖြင့် သစ်‌တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊(မိုးရာသီ) သစ်ပင်စိုက်ပျိုးပွဲကို (၅-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့၊ ကော့စံ နိုင်ရပ်ကွက်၊ အ.ထ.က(၂) ကျောင်းတွင် ကျင်းပပြုလုပ်ရာ ကျိုက်ထိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်အဆင့်အရာရှိများ၊ ကျိုက်ထိုမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြိုနယ်အဆင့် အရာရှိများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့်တက် ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ သင်္ကန်း၊ ရင်ခတ်၊ သစ်တို၊ ယမနေ၊ သစ်ပုပ်၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ မန်ဂျန်ရှား စုစုပေါင်း သစ်မျိုး(၁၂)မျိုး၊(၄၅၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 12:15