ကျောက်ဆည်ခရိုင်၊တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ သဘာဝပတ်ကျင် ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုမြူငွေ့လျှော့ချရေး၊ရေချွေတာရေးနှင့် တရားဝင်သစ်ထုတ်လုပ်မှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည်ခရိုင်၊တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ သဘာဝပတ်ကျင် ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုမြူငွေ့လျှော့ချရေး၊ရေချွေတာရေးနှင့် တရားဝင်သစ်ထုတ်လုပ်မှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲကို (၁၆.၅.၂၀၂၆)ရက်နေ့(၁၃:၀၀)နာရီတွင် ငါးရာပြားကျေးရွာ၊ အမက ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ သစ်တောနှင့်မီးသတ်ဝန်ထမ်း(၆)ဦး၊ဒေသခံပြည်သူ ကျား
(၅၂)ဦး၊မ (၁၀၁)ဦး၊စုစုပေါင်း(၁၅၉)ဦး တက်ရောက်ပါသည်(၂)အဆိုပါဟောပြောပွဲတွင် မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊သစ်တောပြုန်းတီးမှုကြောင့် ခံစားနေရသော ဆိုးကျိုးများ၊တရားမဝင်သစ်ထုတ်
လုပ်မှုလျော့နည်းပပျောက်ရေးကို ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းရေး၊ရေသယံဇာ
တများထိန်းသိမ်းရေး၏ အရေးပါမှုများ၊သစ်ပင်သစ်တောများဖြင့် အိမ်ခြံဝင်းနှင့်ရပ်ကွက်ကျေးရွာများ၊ လမ်းများမှသည် မြို့ပြများအထိ သစ်တောဖုံးလွှမ်းမှုများတိုးပွားလာစေရေးနှင့် သစ်ပင်ပန်းမန်များကို အင်
တိုက်အားတိုက် အရှိန်အဟုန်ဖြင့် စိုက်ပျိုးကာ မိမိတို့ကျေးရွာများအလှဆင်ကြရန် အသိပ
ညာပေးဟောပြောခဲ့ပါသည်။(၃)မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင်မှ လည်း မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိအမြင်များ၊‌တောမီးကာကွယ်ရေးဆိုင်ရာအကျိုး
ကျေးဇူးများ၊မိမိတို့ကျေးရွာနှင့်ပတ်ဝန်းကျင်ကို မမျှော်လင့်သော မီးဘေးအန္တာရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ၊တွေ့ကြုံလာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို အသိပညာပေး ဟောပြောခဲ့ပြီး (၁၄:၃၀)နာရီတွင် ဟောပြောပွဲပြီးစီးကြောင်း သတင်းရရှိသည်။

date: 
Monday, May 18, 2026 - 21:00