ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ ဓမ္မာရုံတွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၁၁:၀၀)နာရီအချိန်ခန့်တွင်မိုးညှင်းမြို့နယ်၊ (၇)မိုင်ကျေးရွာအုပ်စုဇီးကုန်းကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင်သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သစ်တောမြေနှင့် သစ်တောမြေပြင်ပတွင် စိုက်ပျိုးထားသော သစ်တောသစ်ပင်များ မှတ်ပုံတင်စာရင်းရေးသွင်းနိုင်ရန် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးစိုးညွန့်အောင်မှ " သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကို ဟောပြောပို့ချခဲ့ ပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ် ဦးကျော်စွာဟိန်းမှ "သစ်တောမြေနှင့် သစ်တော မြေပြင်ပတွင် စိုက်ပျိုးထားသော သစ်တောသစ်ပင်များ စာရင်းရေးသွင်းနိုင် ရေးဆိုင်ရာများအား ရှင်းလင်းဟောပြောခဲ့ပါကြောင်း၊ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တောအုပ်ကြီးမှပြန်လည်ဖြေကြားခဲ့ရာ(၁၂:၃၀)နာရီချိန်တွင်ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား(၁၇)ဦး၊ မ(၂၈)ဦး သစ်တောဦးစီးဌာနမှ (၅)ဦး၊ စုစုပေါင်း(၅၀)ဦး တက််ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။



