ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊တောင်ဒဂုံမြို့နယ်၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၅-၆-၂၀၂၄) ရက်နေ့၊ (၀၈၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်ခရိုင် ၊တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးသစ်တောဝင်းအတွင်း ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊အဖွဲ့ဝင် (၁) ဒု/ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊ကျောင်းသူ/သားများ ၊ ဒေသခံပြည်သူများ ၊ AGD Bank ဝန်ထမ်းများနှင့် သစ်တောဝန်ထမ်းများ အင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မအူ၊ ပျဉ်းမ ၊ မာလာလူးကား ၊ မန်ဂျန်ရှားနှင့် မဟောဂနီ သစ်မျိုးများ စုစုပေါင်း (၁၀၀၀ )ပင်ကို တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Thursday, June 6, 2024 - 13:00