ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

(၅.၆.၂၀၂၄)ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အား ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ အင်တောမြို့နယ်ခွဲ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကျောက်ဂူကျေးရွာမှ ဒေသခံပြည်သူလူထုများနှင့် ကျောင်းသား/ ကျောင်းသူများ ပူးပေါင်း၍ သစ်ပင်(ကျွန်း၊ ပိ‌တောက်၊ ယင်းမာ၊ ခါတော်မီ၊ မဲဇလီ၊‌မျောက်ငို၊ ကုက္ကိုလ်၊ ရေတမာ၊ မန်ကျည်း)(၁၀၈၀)ပင်အား လူဦးရေ(၂၅၀)ဦးဖြင့် (၀၉:၃၀)နာရီတွင်စိုက်ပျိုးပြီးစီးပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 13:00