လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ

(၅-၆-၂၀၂၄) ရက်နေ့၌ လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ လပွတ္တာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ၀န်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ၀င်များ၊ သင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၅၀)ဦးမှ မန်ဂျန်ရှား (၁၃၅၀)ပင်၊ ပျဉ်းကတိုး(၃၀)ပင်၊ မဟော်ဂနီ(၃၀)ပင်၊ ခရေ(၃၀)ပင်၊ စိန်ပန်း(၃၀)ပင်၊ ကံ့ကော်(၃၀)ပင်၊ စုစုပေါင်း (၁၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 13:00