ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ (၅-၆-၂၀၂၄) ရက်နေ့၊ နံနက်(၈)နာရီတွင် ဒေးဒရဲမြို့စိန္တာမုနိဘုရားကြီးကျောင်းတိုက်ဝန်းအတွင်း ကျင်းပ ခဲ့ကြပါသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများအင်အား(၁၀၀) ခန့်ကသဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်နှင့် ရာသီဥတု ကောင်းမွန်မျှတစေရန် ရည်ရွယ်၍ မန်ဂျန်ရှားပျိုးပင်(၁၅၀)၊ ခရေ(၅ဝ)၊ ရေတမာပျိုးပင်(၅၀)၊ နှင့် မယ်ဇလီ(၅ဝ)ပင် စုစုပေါင်းပျိုးပင်(၃၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်

date: 
Thursday, June 6, 2024 - 13:15