ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန၊၂၀၂၄ ခုနှစ်၊ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန ၏ ၂၀၂၄ခုနှစ်၊ မိုးရာသီစု‌ပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၅ ရက် နံနက် ၈-နာရီတွင် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၆၅/၃)အနီး ကျောင်းကွင်းအုပ်စု၊ဂေါတမ မကဗုဒ္ဓရုပ်ပွားတော် ဘုရားဝန်း အတွင်းတွင်ပြုလုပ်ခဲ့ပါသည်။ ဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြန်အောင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက ပျိုးပင်များအား ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှု‌ရေးအသင်းအဖွဲ့များထံပေးအပ်ခဲ့သည်။ ထို့နောက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကို နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အင်္ဂပူမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းနှင့်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများစုစုပေါင်း အင်အား (၃၁၀)ဦးခန့်တို့က ကျွန်း (၁၅၀)ပင်၊ ပျဥ်းကတိုး(၁၀၀)ပင်၊‌ ရေတမာ(၁၀၀)ပင်၊ ကံ့ကော် (၁၅၀)ပင်၊ ခရေ(၁၅၀)ပင်၊ ယူကလစ်(၂၅၀)ပင်၊ မန်ဂျန်ရှား(၂၅၀)ပင်၊ မျောက်ငို(၁၀၀)ပင်၊ စုစုပေါင်း အပင်(၁၂၅၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, June 6, 2024 - 13:15