မွန်ပြည်ယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းသည် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မော်လမြိုင်မြို့၊ မြိုင်သာယာမြို့မ(၁)ပျိုးဥယျာဉ်အားကွင်းဆင်းကြည့်ရှု့စစ်ဆေး

မွန်ပြည်ယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ (၁၆-၅-၂၀၂၆)ရက်နေ့၊ (၇:၀၀)နာရီတွင် မော်လမြိုင်မြို့၊ မြိုင်သာယာ မြို့မ(၁)ပျိုးဥယျာဉ်အား ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာ ပျိုးဥယျာဉ်တွင် မွန်ပြည်နယ်သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မွန်ပြည်ယ်သစ်တောဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် ဆောင်ရွက်ခဲ့သော နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်း များ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း တည်ထောင် စိုက်ပျိုးမည့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဌာနပိုင်သစ်တောစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုများအား Video Cilp ဖြင့် ပြသခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့၊ မြိုင်သာယာ မြို့မပျိုးဥယျာဉ် (၁)တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ၊ တည်ထောင်ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် သစ်ပင်စိုက်ပွဲတော်များ၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးထောင်ထားသည့် ပျိုးပင်များ၊ ပြည်သူလူထု၊ ဌာနဆိုင်ရာနှင့် တပ်ရင်း/ တပ်ဖွဲ့များသို့ ဖြန့်ဝေမည့် ပျိုးပင်များအား သတ်မှတ်အချိန်အတွင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် စိုက်ပျိုးပြီးပါက တစ်ပင်စိုက် တစ်ပင်ရှင်အောင် ထိန်းသိမ်းပြုစု သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

date: 
Tuesday, May 19, 2026 - 12:15