မွန်ပြည်ယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းအား ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုတင်ပြခြင်းအခမ်းအနားတက်ရောက်

မွန်ပြည်ယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းအား ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ လုပ်ငန်းဆောင်ရွက်ထား ရှိမှု တင်ပြခြင်းအခမ်းအနားကို ၁၅-၅-၂၀၂၆ ရက်နေ့၊ (၁၄:၅၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်သစ်တောဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၁)ဦး တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်သစ်တောဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများ၊ ရက် (၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဌာန၏ ရှေ့ဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဆက်လက်၍ ဆက်စပ်ဌာနအလိုက် သက်ဆိုင်ရာတာဝန်ခံများမှ ၎င်းတို့၏ ဌာနလုပ်ငန်းများအကြောင်း Power Point ရှင်းလင်းတင်ပြခဲ့ပြီး တွေ့ဆုံပွဲအခမ်းအနားအား (၁၇:၀၀)နာရီတွင် ပိတ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

date: 
Tuesday, May 19, 2026 - 12:15