ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ" ကျင်းပ

ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် (၁၉.၅.၂၀၂၆)ရက်နေ့ (၀၈:၀၀)နာရီအချိန် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး -A ၊ ရဝမ်နှစ်ခြင်းအသင်းတော်၌ "Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်‌ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ" ကျင်းပဆောင်ရွက်ခဲ့ရာ တောအုပ်ကြီး ဦးမျိုးထက်ကျော် မှ ဦးဆောင်ဟောပြောခဲ့ရာ ဟောပြောပွဲသို့ ဒေသခံပြည်သူ ကျား (၂၅)ဦး၊ မ (၂၆)ဦး၊ စုစုပေါင်း အင်အား (၅၁)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, May 19, 2026 - 21:00