ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာန၊မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်၊ သစ်တောဦးစီးဌာနက မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရွှေဝါမြိုင်သစ်‌တော ပျိုးဥယျဉ်စခန်း၌ (၅-၆-၂၀၂၄)ရက်နေ့၊ နံနက် (၈:၀၀) နာရီချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်အောင်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦး‌ကျော်မျိုးမင်းတို့ က သစ်ပင်စိုက်ပျိုးမည့်တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်း များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြိုနယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကျွန်း(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ ယမနေ(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါသည်။

date: 
Friday, June 7, 2024 - 11:00