မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ(တွဲဘက်)ပေါင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ(တွဲဘက်)ပေါင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ( ၅.၆.၂၀၂၄)ရက်နေ့၊ နံနက်( ၀၈း၀၀)နာရီအချိန်တွင် ပေါင်မြို့၊ ကော့်ထော်ကျေးရွာ ၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် မိုးရာသီသစ်ပင် စိုက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပွဲတော်သို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံ ပြည်သူများ၊ ဖိတ်ကြားထားသူများနှင့်အခြားစိတ်ပါဝင်စားသူများ၊ စုစုပေါင်းအင်အား (၁၂၆ )ဦး၊ တက်ရောက်ပြီး၊ ကျွန်း (၂၀၀)ပင်၊ ပျဥ်းကတိုး (၁၀၀)ပင်၊ မန်ဂျန်ရှား (၃၈၀)ပင်၊ စုစုပေါင်း သစ်ပင်(၆၈၀)ပင်ကို အောင်မြင်စွာစုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

date: 
Friday, June 7, 2024 - 11:00