မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ဆောင်ရွက်လျက်ရှိသော MLC-Medicinal Plants Project နှင့် MLC-Education Project တို့၏ စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC)အစည်းအဝေးကျင်းပ

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ဆောင်ရွက်လျက်ရှိသော MLC-Medicinal Plants Project နှင့် MLC-Education Project တို့၏ စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ (Project Steering Committee- PSC) အစည်းအဝေးကို (၇-၆-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက MLC အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်နှင့် ရန်ပုံငွေလျာထားဆောင်ရွက်မည့် အစီအစဉ်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုနိုင်ရန်၊ လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်နှင့် စီမံကိန်းလုပ်ငန်းများ စနစ်တကျအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကျင်းပရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ MLC-Medicinal Plants Project နှင့် MLC-Education Project များနှင့် ပတ်သက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်နှင့် ရန်ပုံငွေလျာထားချက်များနှင့် ပတ်သက် ၍ သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးတင့်-၁ မှ ရှင်းလင်းတင်ပြပြီး စီမံကိန်း လုပ်ငန်းစဉ်အလိုက် တာဝန်ရှိသူများက ဆောင်ရွက်မှုအခြေအနေနှင့် တွေ့ရှိချက်များအား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ (PSC)အဖွဲ့ဝင်များနှင့် တက်ရောက်သူများမှ အကြံပြုဆွေးနွေးတင်ပြကြပြီး စီမံကိန်း အစီအစဉ်များအပေါ် အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးသို့ သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ၊ဒုတိယညွှန်ကြားရေးမှူး ချုပ်(မူဝါဒနှင့်စီမံကိန်း) နှင့် စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ(PSC) အဖွဲ့ဝင်များ၊ စီမံကိန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

date: 
Friday, June 7, 2024 - 13:45