ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဘုတ်ပြင်းမြို့ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာတွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲအားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဘုတ်ပြင်းမြို့ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ (အ.ထ.က)ကျောင်းတွင် (၇.၆.၂၀၂၄)ရက်နေ့၊ (သောကြာနေ့)၊ နံနက်(၁၀:၂၅) နာရီမှ (၁၁:၄၅)နာရီအထိ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ကျင်းပဆောင်ရွက်ပါသည်။ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အသိပညာ ပေးခြင်း၊ သစ်တောများနှင့်ရာသီဥတု ပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့်ရေဝေ ရေလဲဒေသများထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူး ခေါင်းစဉ် များဖြင့်ဟောပြောပို့ချခဲ့ပါသည်။ ဦးဇော်သင်း၊ ဦးစီးအရာရှိ၊ သစ်တောဦးစီးဌာန၊ ဘုတ်ပြင်း မြို့နယ်မှဟောပြောပို့ချခဲ့ပါသည်။ ဟောပြောပွဲသို့ ဆက်စပ်ဌာနယ်ဦးစီးမှူး(၂)ဦး၊ အောက်လိပ် ကျေးရွာ(အ.ထ.က)ကျောင်းမှ ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသူ/ ကျောင်းသား (၉၀)ဦး၊ စုစုပေါင်း (၁၀၁)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သစ်တောဦးစီး ဌာနနှင့်အတူ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှလည်း အသိ ပညာပေးဟောပြောခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါ သည်။

date: 
Sunday, June 9, 2024 - 20:00