ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး နှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၁၉.၅.၂၀၂၆)ရက်နေ့၊(၁၀:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ဒီးဒူးကုန်းကျေးရွာအုပ်စု၊ပြည်သာယာကျေးရွာတွင် ငပုတောမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးလင်းလင်းထိုက် မှ *သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ* ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၂)ဦး၊ ပြည်သာယာကျေးရွာသား (၂၉)ဦး၊ကျေးရွာသူ(၂၇)ဦး၊စုစုပေါင်း (၅၈)ဦးတက်ရောက်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် တောအုပ်ဦးလင်းလင်းထိုက်က ကမ္ဘာ့ဂေဟစနစ်အတွက် သစ်တောသယံဇာတနှင့် ရေသယံဇာတများ၏ အရေးပါပုံ၊သစ်တောသယံဇာတနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးမှုများ အကြောင်း၊ထိန်းသိမ်းရေး နည်းလမ်းများ၊မီးခိုးမြူငွေ့ အန္တရာယ်နှင့် မီးခိုးမြူငွေ့ လျှော့ချရေး လုပ်ငန်းများ၊ တောမီးထိန်းသိမ်းကာကွယ်ရေး နှင့် Fire Hotsopt ဖြစ်ပေါ်မှု အခြေ အနေများ၊ငပုတောမြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောကာကွယ်ရေး၊ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, May 19, 2026 - 21:15