ပြည်ခရိုင်၊ ပြည်မြို့နယ်သစ်တောဦးစီးဌာနမှ၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအားကျင်းပ

(၈.၆.၂ဝ၂၄)ရက်နေ့ ပြည်ခရိုင် ပြည်မြို့နယ် တုံးရေကြိုးဝိုင်း အကွက်အမှတ် (၁၆) မွေးမြူရေးဇုန် အဝင်လမ်းတွင် ခရိုင်အဆင့်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား နံနက်(၀၉:၀၀) နာရီ အချိန်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ပြည်)၊ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အရပ်ဖက်အဖွဲ့အစည်းများနှင့်ဒေသခံပြည်သူများ စုစုပေါင်း အင်အား(၈၀၀)ဉီးတို့ဖြင့် နှစ်ရှည်သီးပင်စားပင်နှင့် သစ်တောသစ်ပင် စုစုပေါင်း (၉)မျိုး အရေ အတွက် (၁၅၄၀)ပင်တို့အား စုပေါင်း၍ မိုးရာသီလူထုလုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Sunday, June 9, 2024 - 20:45