နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ၂၀၂၄ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

(၇.၆.၂၀၂၄)ရက်နေ့၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ခိုလမ်-ကျိုင်းတောင်းကား လမ်းဘေး ရွှေစည်းခုံကောင်းမှုလျှံစေတီအနီးတွင် သစ်တောဦးစီးဌာနနှင့် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း ဦးဆောင်သော အရာရှိစစ်သည်တပ်ရင်းတပ်ဖွဲ့ (၄၀၀)ဦး၊ ခိုလမ်မြို့အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း(၁၀၀)ဦး၊ ဆရာ/ဆရာမ/ကျောင်းသား/ကျောင်းသူ (၁၃၀)ဦး စုစုပေါင်း (၆၃၀)ဦးဖြင့် ကျွန်း(၅၀၀)ပင်၊ ခါတော်မီ(၅၀၀)ပင်၊ ချင်းဒညင်း(ခ)မျောက်ငို(၅၀၀)ပင် စုစုပေါင်း (၁၅၀၀) ပင်စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Sunday, June 9, 2024 - 20:00