ပြည်ခရိုင်၊ ပြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ဆင်စုရပ်ကွက်၊ မအူကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ကျင်းပ
(၂၀.၅.၂၀၂၆)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ဆင်စုရပ်ကွက်၊ မအူကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မအူကျေးရွာသူ/သား များအားဖိတ်ကြား၍ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူ (၃၅)ဦး တက်ရောက်ခဲ့ပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးယဥ်ဝင်းမှ သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးလောင်ရသည့် အကြောင်းအရင်းများ၊ တောမီးကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးလုပ်ငန်းများအားဟောပြောခဲ့ပြီးဒေသခံများသိရှိလိုသည်များအား ဆွေးနွေးဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


