ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်မှ "မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကျင်းပ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မီးခိုးမြူငွေလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂၀.၅.၂၀၂၆ )ရက်နေ့၊နံနက်( ၁၁:၁၅)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ မရမ်းအင်းရွာသစ်ကျေးရွာ၊ ရွာဦးဘုန်းေတာ်ကြီးကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ကျား( ၃၈)ဦး၊ မ(၂၃ )ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း (၆၅)ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးစောမြင့်လှိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ တောမီးကာကွယ်ရေးနည်းလမ်းများနှင့် တောမီးကြောင့် ဖြစ်ပေါ်လာရသည့် မီးခိုးမြူငွေ့ ၏ ဆိုးကျိုးများနှင့် လျှော့ချရေးနည်းလမ်းများကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။



