မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊မြို့နယ်သစ်‌တောဦးစီးဌာနမှူးရုံးမှ"သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး" ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ အောင်လံမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၂၀-၅-၂၀၂၆)ရက်နေ့ (၀၉:၀၀)နာရီအချိန် အောင်လံမြို့နယ်၊တံဘိုးကျေးရွာဘုန်းကြီးကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အောင်လံမြို့နယ်၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး-ဦး‌စည်သူအောင်မှ သစ်တောထိန်းသိမ်း‌ရေးနှင့်မီးခို့မြူ‌ ငွေ့လျော့ချရေးဆိုင်ရာသိကောင်းစရာများနှင့်သစ်‌ တောဥပဒေဆိုင်ရာ သိ‌ ကောင်းစရာ"များကိုလည်းကောင်း သရက်မြို့နယ်၊ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းမှ ပတ်၀န်းကျင်ထိန်းသိမ်းရေး ပလပ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အောင်လံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး-ဦးဇေယျာသက်ခိုင်မှFire hotspot များလျော့နည်းစေရေးသိ‌ကောင်းစရာများကိုလည်းကောင်း ဟောပြော ဆွေးနွေးပြီးလက်ကမ်းစာ‌ဆောင်များဖြန့်ဝေခဲ့ပါသည်။ တက်ရောက် လာသူ ပြည်သူများက သိလိုသည်များကိုတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ရာ (၁၀:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ အောင်လံ
မြို့နယ်၊မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၆)ဦး၊ သရက်မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်း‌ရေး ဌာနမှ(၃)ဦး၊ အောင်လံမြို့နယ်မီးသတ်ဦးစီးဌာနမှ(၂)ဦးနှင့်ဒေသခံ ကျား(၈) ဦး၊မ(၅၀)ဦး စုစုပေါင်း (၆၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, May 20, 2026 - 22:15